Social Icons

-

Pages

Sunday, April 10, 2011

တွေးမိတွေးရာ



ဝေးခဲ့ရတဲ့နေ့တွေ ရက်မှလသို့ နှစ်တွေလဲပြောင်း
လွမ်းခဲ့ရတဲ့ နေ့တွေ လဲများပြီကွယ်
ဘယ်တော့ ပြန်ဆုံမှာလဲ ပြန်တွေ့ရမဲ့ နေ့ရက်ကို
ငါ့ရဲ့ ၇င်ထဲမှာ တသသ နဲ့ မျှော်လင့်နေတာ
ချစ်သူရယ်........

ရေခြားမြေခြား ဝေးနေရပေမယ့်
ငါ့ရင်ထဲမှာ မင်းကို ချစ်နေတဲ့ အချစ်က
ကမ္ဘာခြားနေပါစေ ငါ့ရဲ့ နှလုံးသားမှာ
မင်းရဲ့အချစ်နဲ့ တစ်ထပ်ထဲပါ
ပြန်တွေးလိုက်ရင် ငါရဲ့ အချစ်တောင်
မင်းရဲ့ အချစ်ထက် ပိုနေမယ် ထင်တယ် ချစ်သူရယ်.....

မြို့ကြီး ပြကြီးမှာ အခြေအနေတွေ
ဘယ်လိုပြောင်းပြောင်း
ငါ့ရဲ့ နှလုံးသား အနက်ရှိုင်းဆုံး တစ်နေရာမှာ
မင်းရှိနေရင် ပြောင်းလဲတိုင် ပြောင်းလို့မရတဲ့
မင်းကို ချစ်နေတဲ့ အချစ်တွေ ရှိနေတယ်....
ချစ်သူရယ်...
တကယ်ဆိုရင် မင်းလေးကြောင့်သာ ကိုယ့်ဘ၀ ပြည့်စုံခဲ့တာပါ
လွမ်းနေရအုံးမှာ ပြန်တွေ့ရမယ့် နေ့ မရောက်သေးခင်...


ချမ်းလွန်

2 comments:

  1. ကောင်းတယ်လို့ ထင်တာပဲ... :)

    ReplyDelete
  2. အရမ်းကောင်းတယ်

    ReplyDelete

 

လာလည်ကြသူများ