Social Icons

-

Pages

Tuesday, March 8, 2011

မဆုံးသံသရာ


(၁)
ချက်-ချက်-ချက်-ချက်
စက္ကန့်-မိနစ်-နာရီ
ငါ-သူတပါး-ယောက်ျား-မိန်းမ
ပုဂ္ဂိုလ်-သတ္တ၀ါ-အားလုံး
ဖြစ်-ပျက်-ဖြစ်ပျက်။

(၂)
ချက်-ချက်-ချက်-ချက်
နှစ်ဆယ့်လေးနာရီ - တရက်
လောဘ-ဒေါသ-မောဟ ပိတ်ဖုံး
ဖြစ်-ပျက်-ဖြစ်ပျက်။

(၃)
ချက်-ချက်-ချက်-ချက်
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး-တနှစ်
နှစ်ပေါင်းများစွာ အချိန်တွေညောင်းလာ
ဇာတိ-ဇရာ-မရဏ နောက်ဆုံး
ဖြစ်-ပျက်-ဖြစ်ပျက်။

(၄)
တချက်ချက်နဲ့
ဘ၀ရဲ့ ဇယားကွက်မှာ
အ၀ိဇ္ဇာ...တဏှာ..နာရီလက်တံလှည့်
စက်မပျက်သေးသမျှ
ဖြစ်-ပျက်-ဖြစ်ပျက်
သံသရာမဆုံး တလျှောက်လုံး။ ။

ပြည့်ဖြိုးလျှံ

No comments:

Post a Comment

 

လာလည်ကြသူများ