Social Icons

-

Pages

Thursday, January 6, 2011

ကျန်းမာရေးမှတ်စု

> အသက်ကို
> ဥာဏ်ေ
> စာင့်
>
> သက်ရှည်ကျန်းမာစေမယ့် နည်းလမ်းကောင်းလေးကို ဖတ်မိလို့ စာဖတ်သူများကို
> ပြန်လည်မျှဝေပေးလိုက် ပါရစေ ရှင်. . .
>
>
> - ဖုန်းပြောရင် ဘယ်ဘက်နားကို သုံးပါ
>
>
> - ကော်ဖီဆို တစ်နေ့ တစ်ခွက်သာသောက်ပါ
>
>
> - ရေခဲရေနှင့် ဆေးမသောက်ပါနှင့်
>
>
> - ညနေ ၅ နာရီကျော်ရင် ထမင်းအများကြီးမစားပါနှင့်
>
>
> - ဆီလျှော့စားပါ
>
>
> - ရေကို မနက်ပိုင်း ပိုသောက်ပြီး ညနေပိုင်း လျှော့သောက်ပါ.
>
>
> - ဟန်းဖုန်း အားသွင်းစက်ကို ခပ်ခွာခွာထားပါ.
>
>
> - နားကြပ်ကိုအကြာကြီး မသုံးသင့်ပါ
>
>
> - ည၁၀ နာရီမှ မနက် ၆ နာရီသည် အကောင်းဆုံး အိပ်ချိန်
>
>
> - အိပ်ရာမ၀င်ခင် ဆေးသောက်ပြီး ချက်ချင်း လှဲမချလိုက်ပါနဲ့
>
>
> - ဓာတ်ရောင်ခြည် ပြန့်နှုန်း အဆ ၁၀၀၀ ခန့်ရှိသောကြောင့် ဓာတ်ခဲ
> အားကုန်သွားသည်အထိ ဟန်းဖုန်းကို မသုံးစွဲသင့်ပါ. .
>
>
>
> ကြက်ဟင်းခါးသီးနှင့်ကျန်းမာရေး
>
>
>
>
>
> ကျွန်မတို့ စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ
> ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. .
> ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ
>
> ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ
> အထောက်အကူပြုပါတယ်..
>
> ၁။ ဆီးချို သွေးချိုရောဂါ
> ၂။ HIV ရောဂါ
> ၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို
> ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .
>
> ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ
> သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose
> တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက်
> အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင်
> များစွာာ အကျိုးရှိပါတယ်. . .
>
> ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး
> တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော်
> ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .
>
> ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော်
> တစ်လုံးရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.
>
> HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို
> အဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1
> ဗိုင်းရပ်စ်များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား
> ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါ ဟန့်တားနိုင်စွမ်းရှိပါတယ်.
>
>
> ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့
> အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood
> Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို
> လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင်
> ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .
>
> လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . .
> အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့
> ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်. . . .
>
> ပုံကို
> ဒီကယူပါတယ်.
> .
>
> ဒေါက်တာခင်မောင်လွင်
>
> ခရမ်းချဉ်သီးများများစားပါ...
>
>
>
>
>
> ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက
> လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့
> အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ
> ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက်
> အသုံးဝင်ပါတယ်. .
>
>
> - ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို
> ချိုးနှိမ်ပေးပါတယ်..
>
>
> - ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့
> ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.
>
>
> - အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး
> ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့
> ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ်
> အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.
>
>
> - တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို
> ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့
> အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . .
>
>
> - ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊
> မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး
> အကျိုးကျေးဇူးတွေရရှိစေပါတယ်.
>
>
> - ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း
> မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့
> အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. .
>
> ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား
> ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .
>
> တစ်စုံတစ်ခု
> စူးရှမိခြင်း
>
>
>
>
> နှင်းဆီဆူး(သို့) သစ်ကိုင်းစ စသည့် စူး သွားလျှင်ကို ဆူးကို ညှပ်ခပ်သေးသေးဖြင့်
> ခပ်ဖြည်းဖြည်း ဆွဲထုတ်ယူပါ. . အလွန်သေးငယ်သော ဆူးများထွင်ဖို့ ပင်အပ်ဟာ
> အကောင်းဆုံး တန်ဆာပလာပဲ ဖြစ်ပါတယ်. .
>
> အသားထဲ အတော် နစ်မြုပ်ဝင်နေသော အစအနများကို ထုတ်ယူဖို့အတွက် ကြက်သွန်နီ
> အကွင်းတစ်ကွင်း (သို့) ခရမ်းချဉ်သီး တစ်ကွင်းကို သုံးပါ. . . အခြားပစ္စည်းများ
> အနေဖြင့် ပျားရည်ကို လည်း သုံးနိုင်ပြီး တတိယနည်း အနေဖြင့် ပေါင်မုန့် တစ်ချပ်
> ၊ နို့အနည်းငယ်ကို သုံးပါ. . .
>
> ၄င်းပစ္စည်းများထဲမှ ရရာ တစ်မျိုးမျိုးကို အနာပေါ်တည့်တည့် အုံပေးရပါတယ်. .
> (သို့) အနာတစ်ဝိုက်မှာ သုတ်လိမ်းပေးရပါမယ်. .. . သုံး၊လေးကြိမ်ခန့် အကြိမ်ကြိမ်
> လိမ်းပေးပြီးနောက် အကျိုးအပဲ့ ၊ အစအနများသည် အရေပြား အပေါ်ယံသို့
> ကြွတက်လာပါလိမ့်မယ်. . .
>
> ထိုအချိန်တွင် အနာတစ်ဝိုက်ရှိ နာ့ဗ်ကြောများ ထုံသွားစေရန် ရေခဲအုပ်ပေး၍
> ပိုးသတ်ထားသော အပ်၊ ပင်အပ်၊ ဇာဂနာ စသည်များနှင့် အစအနများကို
> ဆွဲထုတ်ယူနိုင်ပါသည်. . .
>
> လွပ်လပ်စိုး

No comments:

Post a Comment

 

လာလည်ကြသူများ