Social Icons

-

Pages

Sunday, December 5, 2010

ဒီဇင်ဘာအလွမ်း

ဟိုအရင်ချစ်သူနဲ့အတူရှိခဲ့တဲ့
ဒီဇင်ဘာ ညချမ်းလေက ကိုယ့်ရင်မှာ
အရမ်းကိုအေးမြ ပျော်ရွှင်ခဲ့ရပါတယ်.....

ချစ်သူနဲ့တစ်မြေစီ
ဝေးနေတဲ့ဒီဇင်ဘာညချမ်းလေတွေက
အရင်လို့မအေးတော့ဘူး
ချစ်သူရယ်.......

new year night တိုင်းမှာ.......

အရင်က မင်းနဲ့အတူ
ကြည်နူးခဲ့ကြတယ် ခုဒီဇင်ဘာမှာ အေးလဲမအေးတော့ဘူး
တူတူကြည်နူးမယ့် ချစ်သူကလဲ
ကိုယ့်အနားမှာမရှိခဲ့ဘူး
ဒီဇင်ဘာဟာ ဘယ်လောက်အေးအေး
ကိုယ့်ရင် ဘယ်လောက် ပူလောင်နေတယ်ဆိုတာ
ချစ်သူ သိရဲ့လား........

ချစ်သူနဲ့ဝေးနေတဲ့
ဒီဇင်ဘာမှာ တွေးမိပါတယ်
happy new year မှာ
ချစ်သူနဲ့အတူရှိရင် ဘယ်လောက်ကောင်းမလဲ
ဒီဇင်ဘာ ချစ်သူရယ်.............

No comments:

Post a Comment

 

လာလည်ကြသူများ