Online Dictionary လေးပါ ဘာသာတော်တော်များများကို မြန်မာလိုပြန်ပေးနိုင်တယ်လို့
ဒီမှာသွားရောက်လေ့လာ နိုင်ပါတယ်း)
(Sharing Softwares & General Knowledge)
ရေကြည်ကြည်လေးပေါ်မှာ မိုးပေါက်လေးတွေကျလိုက် လှိုင်းတွန့်လေးတွေ
ပြေးလွှားလိုက်ဖြစ်နေရင်အရမ်းကြည့်ကောင်းတယ်မဟုတ်လား သူငယ်ချင်းတို့။
သူငယ်ချင်းတို့လည်း တွေ့ဖူးမြင်ဖူးကြမှာပါ။ ကိုယ့်ရဲ့ Computer Screen ပေါ်မှာ
လည်း ဒီလိုမိုးပေါက်လေးတွေကျလိုက် လှိုင်းတွန့်လေးတွေ ပြေးလွှားလိုက်ဖြစ်
နေအောင် ဖန်တီးလိုက်ကြမယ်။
Software ကိုအရင်ဒေါင်းလိုက်ပါ။ ဒီ Software လေးက ကွန်ပြူတာ Screen ကို
ရေအောက်မှာ သွားထားထားသလိုမျိုး Effect တွေနဲ့ အလှဆင်ပေးမဲ့ software
တစ်ခုဖြစ်ပါတယ်။ Soft Rain, Hard Rain, Storm, Glide wave စသည်ဖြင့်
Effect တွေကလည်း အတော်စုံပါတယ်။ ဒါ့အပြင် mouse pointer ကို screen
ပေါ်မှာသွားနေရင် ရေထဲမှာ လက်နဲ့ကစားနေသလို
လှိုင်းလေးတွေဖြစ်သွားအောင်လည်း ဖန်တီးထားပါသေးတယ်။ Wallpaper function
တင်မကပဲ Screen Saver function ကိုလည်း ထည့်ပေးထားပါတယ်။
Software download ၊
ဒေါင်းပြီး ရမ်းလိုက်ပါ။ပြီးရင် Computer ပေါ်မှာ
စာမျက်နှာတစ်ခုခုကို ဖွင့်ပြီး မောက်စ်ကို လုံးဝမကိုင်ပဲ ခဏစောင့်ကြည့်
လိုက်ပါ။ ကိုယ်ဖွင့်ထားတဲ့စာမျက်နှာလေးဟာ ရေကြည်ကြည်လေးအောက်
ကိုရောက်နေပြီး အပေါ်မှာ လှိုင်းတွန့်လေးတွေ ပြေးလွှားနေတာကို တွေ့
မြင်ရလိမ့်မယ်။အရမ်းကြည်နူးဖို့ကောင်းပါတယ် လုပ်ကြည့်လိုက်ပါ။
အားလုံးပျော်ရွှင်နိုင်ပါစေ။
မေး နေ့ချွတ် ည၀တ်။
ဖြေ တံခါး မင်းတုပ်။
မေး အစိမ်းပေါ် အဖြူတင်၊ အဖန်လာမှ နီရောင်ဆင်။
ဖြေ ကွမ်းယာ။
မေး သူ့ကိုရိုက်တော့ ချာချာလည်၊ ကြိုးကိုဆွဲပြီး ငိုရှာတယ်။
ဖြေ ကြေးစည်။
မေး ကန်ထဲမှာရေ၊ ရေထဲမှာမြွေ၊ မြွေခေါင်းမှာရွှေ။
ဖြေ မီးခွက်။
မေး အညာကဆင်ဖြူ၊ အမွှေးထူ။
ဖြေ ကြက်သွန်ဖြူ။
မေး ဖူးခနဲထောင်၊ ဖောင်ခနဲလဲ၊ ရဲရဲနဲ့ တွဲလွဲဆွဲ။
ဖြေ ငှက်ပြောဖူး။
မေး သူ့အပင်နွဲ့ချောင်း မတက်ကောင်း၊ စားကောင်းပါရဲ့ ဖူးတံနဲ့။
ဖြေ ပြောင်းဖူး။
မေး ပ၀ါခြုံလုံပါပေ့၊ ဆံမြိတ်ချ လှပါပေ့၊ ကျောက်တန်းစီ ညီပါပေ့။
ဖြေ ပြောင်းဖူး။
မေး အသီးပေါ် အပင်ပေါက်၊ ခြေထောက်တစ်ချောင်းထောက်။
ဖြေ နာနတ်သီး။
မေး ခြုံကြားထဲက မင်းကုသ၊ ခေါင်းပေါင်းစနှင့်ထ။
ဖြေ နာနတ်သီး။
မေး တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ရာဇာမင်းလောင်း ထီးဖြူဆောင်း။
ဖြေ မှို။
မေး ဆုပ်လျှင် စူး၊ နမ်းလျှင် မူး၊ စားလျှင် ရူး။
ဖြေ ပဒိုင်းသီး။
မေး တို့နွားတစ်ကောင် ဘို့တစ်ထောင်။
ဖြေ ကြက်ဟင်းခါးသီး။
မေး တို့နွားတစ်ကောင် ဘို့တစ်ထောင် ခြေရာလည်းပျောက် ရေလဲနောက်။
ဖြေ ကြက်ဟင်းခါးသီး နှင့် ဆန်ဆေးရေ
(ကြက်ဟင်းခါးသီးချက်လျှင် ဆန်ဆေးရေနှင့်ဆေးပါက အခါးသက်သာသည်ဟု ဆိုကြသည်။)
မေး သူ့ပင်စည်က မြွေပွေးပြောက်၊ သူ့အသီးက ပြည်တောင်းလောက်။
ဖြေ သင်္ဘောသီး။
မေး နွားမတစ်ရာ ရေဆင်းလာ၊ ခြေရာလည်းပျောက် ရေလည်းနောက်။
ဖြေ ဆန်ဆေးသည်။
မေး ဖတ်လတ် ဖတ်လတ် ၂ ဖတ်လတ်၊ တွဲလွဲ တွဲလွဲ ၂ တွဲလွဲ၊
ဒေါက်လောက် ဒေါက်လောက် ၄ ဒေါက်လောက်။
ဖြေ ၂ ဖတ်လတ် = နားရွက် ၂ခု၊
၂တွဲလွဲ = နှာမောင်းနှင့်အမြီး။
၎ ဒေါက်လောက် = ခြေ ၄ ချောင်း။
ဆင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မေး ရေမရှိ မြစ်လယ်ကောင်
ထင်းမရှိ တောင်သုံးတောင်
နှမမရှိ ခြောက်ယောက်မောင်
ဖြေ မေတ္တာတရား
အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော
အာရုံခြောက်ပါး။
မေး ပန်းဇော်တကို၊ နေ့ညမဆို၊ ဆင်စေလိုသည်၊ ဗဟိုရင့်ကျူး၊ နာရီမှူး။
ဖြေ ကြက်ဖ (ဗဟိုစည်နှင့် နာရီပမာ အချိန်မှန်မှန် တွန်ကျူးတတ်သည်။)
မေး ဆယ့်ခြောက်ပြည်ထောင် ပိုင်စိုး၊ မင်းမျိုးငဲ့ရာဇာ၊ ရှေးကုသိုလ် ကံမကောင်းတာကြောင့်
ခေါင်း ခြေ လက် မပါ။
ဖြေ တင်းတောင်း ( ၁၆ပြည်ဆံ့)
မေး သဒ္ဒါလည်း မတတ်၊ ပရမတ်လည်းမကျေ
လူရှေ့မှာလည်းနေ၊ မှန်လျှင် မှန်စေ၊ မမှန်လျှင် လျှာထုတ်ပြသည်။
ဖြေ ချိန်ခွင်
မေး ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီး ခါးလယ်မှာ။
ဖြေ ချိန်ခွင်
မေး ရေလယ်ကောင်သောင်ထွန်း၊ နတ်သမီးနေတဲ့ကျွန်း
ဖြေ ကျောက်ပျဉ်
မေး ချောင်ငယ်ကောက်ကောက်၊ ရေလယ်နောက်နောက်။
ဖြေ ကျောက်ပျဉ်။
မေး နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်သော်လည်း တစ်ပေါက်တည်း။
ဖြေ အပ်
မေး ငုပ်ချည်ပေါ်ချည်၊ သူ့ဖင်ကို ကြိုးနဲ့ချည်။
ဖြေ အပ် နှင့် ချည်။
မေး နတ်သမီး တံတွေးပေါက် ကြက် မကောက်နိုင်။
ဖြေ နေပြောက်
မေး နွားနို့ တစ်ပန်းကန် တစ်ပြည်လုံးလျှံ။
ဖြေ လ နှင့် လရောင်
မေး နတ်သမီးအိမ်တိုင် သူခိုးမတက်နိုင်။
ဖြေ ငှက်ပျောပင်
မေး နတ်သမီးသောက်ရေကန် တံတိုင်း သုံးထပ်ရံ။
ဖြေ အုန်းသီး။
မေး မဖွပ်ဘဲဖြူ၊ မခပ်ဘဲ ပြည့်။
ဖြေ အုန်းသီး
မေး မဖွပ်ဘဲဖြူသည့် နတ်ပုဆိုး၊ မခပ်ဘဲပြည့်သည့် နတ်ရေအိုး။
ဖြေ အုန်းသီး
မေး ဒိုက်ခုတ်တော့ အုတ်ပေါ်၊ အုတ်ခုတ်တော့ ကြွေပေါ်၊
ကြွေခုတ်တော့ ရေပေါ်၊ ဘာသီးလဲနော်။
ဖြေ အုန်းသီး
မေး သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း။
ဖြေ ခေါင်းခု။
မေး လေးထောင့်စပ်စပ်၊ သူ့မျက်နှာ ငါ့မှာကပ်။
ဖြေ မှန်
မေး အပင် နွဲ့နှောင်း၊ အသီးဖောင်းဖောင် မစားကောင်း။
ဖြေ ဆံပင်နှင့် သန်းဥ။
မေး ငါ့နွားနက်နက် ချုံပေါ်တက်၊ ချက်ချက်သံမျှ မကြားရ
ဖြေ ဆံပင်နှင့်သန်း
မေး သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးတည်း။
ဖြေ ဆံပင်နှင့် ဆံထုံး
မေး နှစ်ယောက်တစ်တွဲ၊ နေ့မှာခွဲ၊ ညဘက်ကျလျှင် ပြန်ပေါင်းချင်။
ဖြေ တံခါးရွက်။
မေ့နေတာလေးတွေရှာဖွေပြီးပြန်လည်သတိရစေဘို့ တင်ပေးလိုက်ပါတယ်..